ဟင်္သာတခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်‌အ‌ဝေး အမှတ်စဉ် (၁/၂၀၂၅) ကျင်းပ

ဟင်္သာတ ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမ၌ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်‌အ‌ဝေး အမှတ်စဉ်(၁/၂၀၂၅)ကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီအသစ် ဖွဲ့စည်းတာဝန်‌ ပေးအပ်သည့်အတွက် ကော်မတီတွင်ခရိုင်စီမံကိန်းနှင့် ခရိုင်ဥပဒေတို့ပါဝင်ပြီး အဖွဲ့ဝင်(၇)ဦးဖြင့် လုပ်ငန်းများအား ဆက်လက်တာဝန်ယူ ဆောင်ရွက်မှာဖြစ်ပြီး ကော်မတီအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး အဓိကအားဖြင့် ခရိုင်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းရေး၊ သန့်ရှင်းသာယာလှပရေးတို့အား ဌာနဆိုင်ရာများမှ ပေါင်းစပ် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများမှ မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြကာ ခရိုင်ဥက္ကဋ္ဌမှ နိဂုံးချုပ်အ‌နေဖြင့် ဌာနဆိုင်ရာများ၏တင်ပြချက်များအပေါ် ပြန်လည်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်း‌ရေးမှူး(ကိုယ်စား) ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသော ခရိုင်စီမံကိန်း ဦးစီးမှူး ဦးကျော်ခိုင်ဦး၊ ခရိုင်ဥပဒေအရာရှိ ဒေါ်မြကြေးဥ၊ ခရိုင်လဝကဦးစီးမှူး ဒေါ်သီတာအောင်၊ဒေသကိုယ်စားပြု ဦးအောင်မြင့်ဦးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)