ဒေးဒရဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အာဟာရပစ္စည်းများပေးအပ်

ဒေးဒရဲ သြဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးနှင့် နေ့စဥ်လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာများကို သိရှိနိုင်စေရေးရည်ရွယ်၍ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဆရာမကြီး ဒေါ်မိုမိုးလှိုင်က ကိုယ်ဝန်ဆောင်မိခင်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်များ၊ နေ့စဥ်အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးပါဝင်ရမည့် အစားအစာအုပ်စုများအား အသိပညာပေးဟောပြောခြင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်သက်သက်စိုးက ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဆိုင်ရာများ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များက တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များအား ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ပဲနှင့် အိုင်အိုဒင်းဆားများအား  ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း