ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပ

ကလော ဩဂုတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက ကလောမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် ကလောမြို့နယ်စီမံခန့်ခွဲနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက လူငယ်များအသိပညာဗဟုသုတများတိုးပွားရရှိနိုင်စေရန်နှင့် အသိပညာများမျှ‌ဝေပေးနိုင်စေရန်၊ လူငယ်များစကားပြောအတတ် ပညာကျွမ်းကျင်စွာတက်မြောက်ပြီး လူအများရှေ့တွင် ရဲ့ဝံ့စွာစကားပြောဆိုတက်စေရန်နှင့် လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာများ ဆွေးနွေးတိုင်ပင်ရာမှ အတွေ့အကြုံကောင်းများစွာ ရရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည်ဖြို့ကြွယ်က ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး အဆိုပါကျောင်းမှ Grade 10 ကျောင်းသား၊‌ ကျောင်းသူများက လူငယ်နှင့်ကျန်းမာ‌ရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်ပညာ‌ရေးခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ရာ ကလောမြို့နယ် စီမံခန့်ခွဲနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဗိုလ်မှူး နိုင်လင်းထွန်းနှင့်ပါဝင်ဆွေးနွေးသူများက အသီးသီးပြန်လည်ဖြေကြားပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/သူများတို့က စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)