တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ်(၉) အား ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်

တန့်ယန်း ဩဂုတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ်(၈)အား ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ဖွင့်လှစ်သည်။

အဆိုပါ သင်တန်းအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသစ်ထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)၏ ဖွဲ့စည်းတည်ဆောက်ထားမှု၊ မဲပေးစက်၏ လုံခြုံစိတ်ချရမှုများနှင့် ကိုင်တွယ်အသုံးပြုရမည့်နည်းများကို စာတွေ့/လက်တွေ့ ရှင်းလင်းပို့ချကြောင်းနှင့် သင်တန်းအား ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအင်အား စုစုပေါင်း (၆၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်ကာ ဆက်လက်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)