ပြည်ကြီးတံခွန် ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က (၂၇)ကျောင်း အောင်တံခွန်ခန်းမ၌ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ စကားဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မန္တလေးခရိုင်၊လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အ-ထ-က(၂၇)ကျောင်းမှ Grade-10ကျောင်းသား မောင်မင်းခန့်စိုးက လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade-10 ကျောင်းသူ မအေဝမ်းမော်က လူငယ်နှင့်social Media ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11ကျောင်းသား မောင်ကျော်ဇင်သန့်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း စသည့်ပါဝင်သောအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကလည်း အသီးသီး အပြန်အလှန် မေးမြန်းဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်