ဒေသထွက်ကုန်များနှင့် လူမှုစီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သင်းတွဲမြောင်းဘောင်အား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးတွင်းကာလသွားလာရန်အခက်အခဲဖြစ်ပေါ်နေသည့် သင်းတွဲမြောင်းဘောင် လမ်းပိုင်းတစ်နေရာအား ရာသီမရွေးသွားလာနိုင်ရေး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြုပြင်ပေးသွားမည့် ကွမ်းဆေးမြောင်းဘောင်လမ်းသည် ကျောက်ဆည်မြို့နယ် သာစည်လေးကျေးရွာနှင့် ရဲဘော်လေးကျေးရွာအနီး မြောင်း၏ပေတိုင်အမှတ် (၅၀၀၀၀) မှ(၆၀၀၀၀)ကြား အလျား (၁၀၀၀၀)ပေ၊ လမ်းအကျယ်(၁၂)ပေအား မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၈၀) အကုန်အကျခံ၍ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဂျင်းကျောက်မြေခင်းပေးပြီး လမ်းအဆင့် မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြောင်းဘောင်လမ်းအားအဆင့်မြှင့်တင်ပြီးပါက သာစည်လေးကျေးရာနှင့် ရဲဘော်လေးကျေးရွာမှတောင်သူ၏ လယ်ယာထွက်ကုန်များနှင့်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအဆင်ပြေသွားမည်ဖြစ်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများနှင့် အခြားဒေသများဖြင့် ကူးလူးဆက်သွယ်ရာ၌ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ကူးလူးဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်