မန္တလေး ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အတွက် လူငယ်စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ သုတရသစာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့ သည်။
အဆိုပါ ကျင်းပပြုလုပ်ရာတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဦးစီးအရာရှိ ဒေါ်ခင်စောလွင်တို့က လူငယ်စာဖတ်ဝိုင်းများ၊ ပြပွဲ၊ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ရာ လူငယ်စာဖတ်ဝိုင်းတွင် တက်ရောက်လာသည့် ကျောင်းသူလေးများမှ မေးမြန်းဆွေးနွေး ပြောကြားခဲ့သည်။ ယင်းပြပွဲပြိုင်ပွဲများဖြစ်သည့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများတွင် အ.ထ.က(ခွဲ)လ-၂၅ကျောင်းမှ ကျောင်းသူ(၁၆)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများလည်း ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး အထ.က(ခွဲ)လ-၂၅ကျောင်းမှ ကျောင်းသူလေးများက ခင်းကျင်းပြသထားသော သုတရသ စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်