တံတားဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်

တံတားဦး ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများနှင့် မွေးကင်းစကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက အမှတ်(၁)ရပ်ကွက် ဘူတာရပ်သို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက အမှတ်(၁)ရပ်ကွက်ဘူတာရပ်ရှိ အိမ်ခြေ(၁၉၂)အိမ်၊ လူဦးရေ( ၂၀၈)ဦးအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အသိပညာပေးဆွေးနွေးဟောပြောပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သောအိုးခွက်တာယာများ၊ ရေပုံးရေအိုင်များ၊ ဘုရားပန်းဘိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေလှောင်ကန်များအတွင်း အဘီတ်ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို  ဆောင်ရွက်ပေးခဲ့သည်။

တံတားဦးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရန်နှင့်ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီးသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ခြင်/ပိုးလောက်လန်း နှိမ်နင်းရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)