နတ်မောက်မြို့၌ စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

နတ်မောက် ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များဖြင့် ပူးပေါင်း၍ မောင်မောင်မြင့်သိန်း ရေးသားသည့် “ကောင်းမွန်သောအနာဂတ်ဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိ့မ်သိမ့်မိုး (ဦးစီးအရာရှိတွဲဖက်) က လူငယ်များအနေအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေန်၊ နှုတ်မှုစွမ်းရည် တိုးတက်ပြီး အချင်းချင်းပြန်လည်ဆွေးနွေးတတ်စေရန်၊  စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဆရာမောင်မြင့်မြင့်သိန်း ရေးသားသည့် “ကောင်းမွန်သောအနာဂတ်ဆီသို့” ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ပြရှင်းလင်းရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများကလည်း မိမိတို့၏ အတွေးအမြင်အသိများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ၌ လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။

မူမူစန်း