ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်း(ရွှေကျင်)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေကျင် ဩဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁)နာရီအချိန်က ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာအထက်တန်း(ရွှေကျင်)ကျောင်း ပညာရတနာခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းထွန်းနိုင်က အဖွင့်အမှာစကား‌ပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုအောင်က အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ လိမ်လည်နည်းများကြောင်း၊ လိမ်လည်မှုမခံရအောင် ဆောင်ရန်/ရှောင်ရန်အချက်တို့ကို ဟောပြောခဲ့ပြီး ရွှေကျင်မြို့မရဲစခန်မှူး ဒုရဲမှူးအေးမင်းထွန်းက အွန်လိုင်းအသုံးပြုသူများအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်သည့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို ဟောပြောပေးခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်သား၊ ကျောင်းသူ (၂၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ‌လေးများက အသိပညာဗဟုသုတများရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းနှင့် ဒေါ်မို့မို့သွင် (ရုပ်သံ-၃)တို့က နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)