သံဖြူဇရပ်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်း/တံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ် သြဂုတ် ၅  

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မှဦးဆောင်ပြီး မြို့ နယ်တာဝန်ခံနှင့်ဝန်ထမ်းများလိုက်ပါ၍ သြဂုတ် ၃ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်း (၁)လမ်း၊ ကတ္တရာလမ်း(၄)လမ်း၊ Box Culvert (၁၃)စင်းတို့အားဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)