စစ်ကိုင်း သြဂုတ် ၅
စစ်ကိုင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာစာကျောင်းများသို့ Mobile Library စနစ်ဖြင့် သုတ/ရသစာအုပ်များ(အခမဲ့)ငှားရမ်းပေးခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းနှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်း၌ အခြေခံပညာအထက်တန်းကျောင်း (ရွှေမင်းဝံ)တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(ရွှေမင်းဝံ)တွင် အပတ်စဉ် တနင်္လာနေ့တိုင်း နဝမတန်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် အပတ်စဉ် အင်္ဂါနေ့တိုင်း ဒဿမတန်းမှ ကျောင်းသား၊ ကျောင်းသူများအား သုတ/ ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိသည်။
အလားတူ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ရွေ့လျားစာကြည့်တိုက်(Mobile Library) စနစ်ဖြင့် အပတ်စဉ်သွားရောက်ဖွင့်လှစ်၍ သုတ/ရသစာအုပ်၊ စာစောင်များ(အခမဲ့) ငှားရမ်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းအောင်