ထန်းတပင်(ပဲခူး) သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် စစ်တောင်းမြစ်ရေများ ပြန်လည်ကျဆင်းသွားခြင်းကြောင့် ယနေ့နံနက်ပိုင်းမှစတင်၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းများမှာ အ.ထ.က ထန်းတပင်၊ အ.လ.က(ခွဲ) ဆိပ်ကြီး၊ အ.မ.က(လွန်) သူကောင်းဖြစ်၊ အ.မ.က(လွန်) မိုးမခ၊ အ.လ.က အုန်းပင်၊ အ.မ.က(လွန်) ဒိုးသောင်၊ အ.မ.က(လွန်) ကြို့ပင်ဆိပ်၊ အ.မ.က(လွန်) ဥယျာဉ်စု၊ အ.မ.က(လွန်) ကြို့ကုန်း၊ အ.မ.က(လွန်) ချောင်းဝ၊ အ.မ.က(လွန်) ရေကျော်၊ အ.မ.က(လွန်) ကျွန်းသုံးပင်၊ အ.လ.က(ခွဲ) ကရင်နီကုန်း၊ အလက(ခွဲ) ပဲပုတ် စသည့်စာသင်ကျောင်းများမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၅၂၃၇)ဦးမှာ ကျောင်းများတွင် ပညာသင်ယူလျက်ရှိကာ၊ ပိတ်ထားသည့်ရက်များအတွက် အစားထိုးပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)