ကြံခင်းမြို့၌ Online မှတစ်ဆင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

ကြံခင်း ဩဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရဲစခန်းမှူး ဦးဆောင်၍ ယမန်နေ့မွန်းလွဲပိုင်းမှစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မရပ်ကွက်၊ ရွှေတောင်စုရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးရုံများ၌ အများပြည်သူများ online မှတစ်ဆင့် လိမ်လည်ခံရမှုမရှိစေရေး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မှုူခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့မရဲစခန်းမှ ဒုရဲမှူးလှခိုင်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား ၂၁ ရာစုတွင် နည်းပညာများမြှင့်မားလာသည့်အတွက် လူတိုင်း မိုဘိုင်းဖုန်းအသုံးပြုမှုများလာခြင်းကြောင့် online မှတစ်ဆင့် လိမ်လည်ခံရမှုများကို မကြာခဏတွေ့ရှိရကြောင်း၊ အွန်လိုင်းအသုံးပြုနေစဉ် မလိုအပ်သောအရာများနှင့် မိမိဖုန်းနံပါတ် နှင့် လျှို့ဝှက်နံပါတ်များကို မသိသူများအား ပေးခြင်းကိုရှောင်ကြဉ်ရန်၊ FacebookViberTelegram တို့မှ  လိမ်လည်စည်းရုံးခေါ်ဆောင်၍ လူကုန်ကူးခြင်း၊ နည်းပေါင်းစုံဖြင့် ငွေကြေးလိမ်လည်ခြင်း များကို သတိပြုရှောင်ရှားနိုင်ရေးနှင့် ငွေကြေးလိမ်လည်များ ကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့် အချက်များအားလည်းကောင်း၊ မှုခင်းကျဆင်းရေးအတွက် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ သည်။ ဆက်လက်၍ လန်ချန်း-မဲခေါင် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဗဟိုဌာနမှ ပေးပို့လာသည့် ဗီဒီယိုကလစ် (၂)ခုအား ပြသပေးခဲ့သည်။

အလားတူ မြို့မရပ်ကွက်၊ မင်းသီရိ-၁၊ မဟာသကျမုနိစေတီတော်မြတ်ကြီးပရဝုဏ်အတွင်းရှိ၊ ကြာသပတေးဆွမ်းကျောင်းတွင်လည်းကောင်း၊ ရွာသစ်ရပ်ကွက်၊ ရွှေတောင်စုရပ်ကွက်နှင့် နယ်မြေ ရပ်ကွက်များအတွင်း အုပ်ချုပ်ရေးမှူးများနှင့်ချိတ်ဆက်ပူးပေါင်းကာ ရပ်ကွက်နေပြည်သူမျာအား online မှတစ်ဆင့် လိမ်လည်ခံရမှုမရှိစေရေး အသိပညာပေးဟောပြောခြင်း၊ မူခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဗဟိုဌာနမှပေးပို့လာသည့်ပညာပေးဗီဒီယိုကလစ် (၂)ခုအား ပြသပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း