ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးမှူး ကျုံပျော်မြို့နယ် ကျွန်းရွှေဝါဘဲမွေးမြူရေးလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

ကျုံပျော် ဩဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးမင်းသည် ကျုံပျော်မြို့နယ် အင်းရဲကျွန်း‌ကျေးရွာအုပ်စု ကျွန်းရွှေဝါ ဘမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဦးစီးမှူးသည် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်ရီရီမွန်နှင့်ဝန်ထမ်းများ လိုက်ပါ၍ အင်းရဲကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျွန်းရွှေဝါ ဘဲမွေးမြူရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းသား (၃၉)ဦးတို့နှင့်တွေ့ဆုံကာ ဘဲမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းနောက် အသင်းသား ဒေါ်မြင့်စိန် မွေးမြူထားသောဘဲခြံသို့သွားရောက်၍ ဘဲမွေးမြူထားရှိမှု အခြေအနေ၊ နေ့စဉ်အစာလိုအပ်ချက်နှင့် ဘဲဥထွက်ရှိနှုန်းတို့ကို လက်တွေ့ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)