ဖြူးမြို့နယ်အတွင်း ကျေးရွာနေပြည်သူများအား မီးခိုးမြူ​ငွေ့လျှော့ချရေး အသိပညာပေးဟောပြော

ဖြူး သြဂုတ် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာနေပြည်သူများ ရာသီဥတုပြောင်းလဲမှုဘေးအန္တရာယ်ဆိုင်ရာများ သိရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာအုပ်စု၊ သဖန်းတန်းကျေးရွာမူလတန်းကျောင်း၌ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြော​ခဲ့ကြောင်း သိရသည်။

ထိုသို့ ဟောပြောရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်၊ မြို့နယ်သစ်တောဦးစီဌာန၊ တောအုပ်ကြီး ဦးအောင်ကျော်မိုးတို့ကရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များနှင့် သစ်တောသစ်ပင်များ၏ အရေးပါမှုအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)