ကန်ကြီးထောင့်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီး၊ ရေလာကောင်းမွန်စေရေး ရေမြောင်းများရှင်းလင်းခြင်းအားဆောင်ရွက်

ကန်ကြီးထောင့် ဩဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများအား မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စရန်အတွက် ရေမြောင်းများ တူး‌ဖော်ရှင်းလင်းခြင်းများကို ဆောင်ရွင်လျက်ရှိသည်။

ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှစ၍  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဦးသန်းစိုးလွင်၏ ကြီးကြပ်မှုဖြင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးတင်မျိုးထွဋ်မှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နှောင်လမ်းတစ်လျှောက်ရှိ ရေမြောင်းများအတွင်း အမှိုက်သရိုက်၊ ခြုံနွယ်၊ ပိတ်ပေါင်းမျအား ရှင်းလင်းခြင်းနှင့် Backhoe ဖြင့် မြေသားများပြန်လည်တူးဖော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)