ဟိုင်းကြီးကျွန်း သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ဟိုင်းကြီးကျွန်းမြို့တွင်လိုင်စင်မဲ့ယာဥ်များ စီးနင်းမှုမရှိစေရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က လူစည်ကားရာ ဟိုင်းကြီးကျွန်းမြို့အဝင်တံတားထိပ်တွင် ဟိုင်းကြီးကျွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်း ဦးဆောင်သောမြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများမှ စုပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဟိုင်းကြီးကျွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့်တာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့ မြို့အဝင်တံတားထိပ်နှင့် လူစည်ကားရာ လမ်းဆုံလမ်းခွများသို့သွားရောက်ပြီး လိုင်စင်မဲ့ယာဥ်များ စီးနင်းမှုမရှိစေရေးနှင့် ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း ရှိ/မရှိ၊ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းများလိုက်နာခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စည်းကမ်းမလိုက်နာသူများအား သတိပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဟိုင်းကြီးကျွန်းမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့အတွင်း လုံခြုံရေးကျိုးပေါက်မှုများ မဖြစ်ပွားစေရန်အတွက် ဆိုင်ကယ်များ၊ကားများနှင့် ဟိုင်းကြီးကျွန်းမြို့အတွင်းသို့ ဝင်ထွက်သွားလာနေသည့် ခရီးသွားများနှင့် ယာဥ်များအား သေချာစွာစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)