ကန်ကြီးထောင့်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဩဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းက ဧရာသီရိသုခခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာ ဦးဝင်းနိုင်က မိုးရာသီစိုက်ပျိုးစရိတ်ချေး‌ငွေထုတ်ချေး‌ရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာ့အာမခံလုပ်ငန်း တိုင်းဒေသကြီး တာဝန်ခံ ဦးသန်းထွဋ်က အာမခံထားရှိနိုင်သည့် အမျိုးအစားများ၊ အာမခံထားရှိခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးမှုအခြေအနေများ၊ သီးနှံအာမခံထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာဦးဝင်းနိုင်၊ မြန်မာ့အာမခံလုပ်ငန်း၊ တိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွဋ်နှင့် တာဝန်ရှိသူများမှ တက်ရောက်လာသည့် တောင်သူများအား ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာတောင်သူများက အသီးသီးလက်ခံရယူခဲ့ကြပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာ ဦးဝင်းနိုင်၊ မြန်မာ့အာမခံလုပ်ငန်း တိုင်းဒေသကြီး တာဝန်ခံ ဦးသန်းထွဋ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးအောင်နိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)