ကျိုက်လတ် သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ရီက ကျန်းမာစွာ နေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးနည်း၊ သွားနှင့် ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မြို့နယ်ဌက်ဖျားတိုက်ဖျက်ရေးဦးစီးဌာနမှ ဦးနိုင်နိုင်ထွန်းတို့က သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်၊ မိုးတွင်းကာလကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများနှင့် ဌက်ဖျားရောဂါများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် သွားဘက်ဆိုင်ရာ ဆရာဝန်ဒေါက်တာ ရဲရင့်အောင်က KG ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှအဖွဲ့များခွဲ၍ အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
လှိုင်မင်းအောင်