မုဒုံ သြဂုတ် ၄
မွန်ပြည်နယ် မုဒုံမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း၊ Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ကမာဝက်မြို့ရှိ ခြင်္သေ့ကျောင်းဓမ္မာရုံး၌ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးက ကြီးကြပ်၍ ဝန်ထမ်းများက ပန်းခင်း (၃) စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဒေသခံပြည်သူများအား ထုတ်ပေးခြင်းနှင့် ကျေးရွာနေပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric) ကိုယ်ရေးအချက်အလက်များ ကောက်ယူကာ UID ကတ်များထုတ်ပေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)