ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်

ကိုကိုးကျွန်း ဩဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community-Centre) ခန်းမတွင် ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ မိမိတို့ဌာနအနေဖြင့် ယခုလိုလူငယ်များ ဆေးရောင်ခြယ်ခြင်း၊ ဂိမ်းကစားခြင်း၊ စက္ကူခေါက်ခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြင့် လူငယ်များ အသိပညာဗဟုသုတတိုးပွားလာမှာဖြစ်ကြောင်းနှင့် ဌာန၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြိုင်ပွဲဝင်ကလေးများကို ပြိုင်ပွဲစည်းကမ်းနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းပြ၍ စတင်ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်ကလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးများ၊ လူငယ်များအား ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ဂိမ်းကစားခြင်း၊ စစ်တုရင်ကစားခြင်း၊ စက္ကူခေါက်ခြင်းစသော ကစားနည်းများကို လစဉ်ပုံမှန်အသိပညာပေးဗဟုသုတရရှိစေရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ကိုကိုးကျွန်း (ပြန်/ဆက်)