ဒေါပုံ ဩဂုတ် ၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကလေးများ ဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းအတွင်း ကလေးများအား ပုံပြင်ပြောခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာ၀င်းက ကလေးများအား ဗဟုသုတရဖွယ်ပုံပြင်များ ပြောပြခြင်း၊ စာဖတ်ခြင်းမှ ရရှိမည့် အကျိုးကျေးဇူးများအား ပြောပြခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကလေးများကိုယ်တိုင် ပုံပြင်ဖတ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)