ရန်ကုန် သြဂုတ် ၄
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က သန်လျင်မြို့နယ်၊ ဘုရားကုန်းရပ်ကွက်၊ သဘာဝရိပ်သာနှင့်နေအိမ်များ၌ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း၊ ရေတွင်း၊ ရေကန်များ၊ ခြင်ပေါက်ပွားနိုင်သည့်နေရာများ၌ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန့်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)