ရန်ကုန် ဩဂုတ် ၄
သန်လျင်ခရိုင်၊ သန်လျင်မြို့ကျက်သရေဆောင် မဟာအတုလသဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၁၈)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီတွင် အဆိုပါဗိမာန်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားအား ဘုရားကန်တော့၍ဖွင့်လှစ်ပြီး သန်လျင်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ဘဒ္ဒန္တကုမာရထံမှ သီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ခရိုင်သာသနာရေးမှူး ဦးသီဟဇော်၊ သာသနာ့ဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်စိုး၊ အတွင်းရေးမှူး ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဗိမာန်တော်ဩဝါဒါစရိယ ဆရာတော်ကြီး(၉)ပါးတို့အား ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုအတွက် သန်လျင်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ရေစက်ချတရား နာယူခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်ပြန်/ဆက်)