ဒဂုံမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး COVID vaccine P-fizer (JN-1) ဆက်လက်ထိုးပေး

ဒဂုံ ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး COVID Vaccine P-fizer (JN-1) ထိုးပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဩဂုတ် ၁ ရက်နေ့ နံနက် (၉) နာရီကဆက်လက်ထိုးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးကို ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ‌ေရွှပြည်နှင့် ကျန်းမာရေးဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ ဦးစားပေးဦးတည်အုပ်စုများနှင့် နိုင်ငံဝန်ထမ်းများ၊ ကျန်းမာရေး၀န်ထမ်းများ ၊အသက်(၆၀)နှစ် အထက်ပြည်သူများ၊ အသက်(၅၀)နှစ်နှင့်အထက် နာတာရှည်ရောဂါသည်များ၊ အသက်(၁၈)နှစ်နဲ့အထက် နာတာရှည်ရောဂါရှိသူများနှင့် အိမ်တော်ရာဘုရားတွင် ဥပုဉ်သတင်းသီလဆောက်တည်သူများကိုအမျိုးသား(၄၁) ဦး၊ အမျိုးသမီး (၅၅) ဦးစုစုပေါင်း(၉၆)ဦးအား ဆေးထိုးပေးခဲ့သည်။

ဆက်လက်၍ ဦးတည်အုပ်စုအလိုက် နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး COVID vaccine P-fizer (JN-1)ကို ဆက်တိုက်ထိုးပေးလျှက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်၍ ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သတင်းရရှိပါသည်။

လဲ့လဲ့ (ပြန်/ဆက်)