ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒဂုံအရှေ့ ဩဂုတ်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက အမှတ် ()ရပ်ကွက်သို့ ‌မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွန်းနှင့် ဝန်ထမ်းများက အမှတ် () ရပ်ကွက်ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် အသက်

(၁၆-၁၈) ကြား၊နိုင် မရှိသူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ၊ အိမ်ထောင်စုမရှိဘဲ ပုံစံအလွတ်ဖြင့် ကောက်ယူလာသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိပြီး EK-01 စက်ဖြင့် အငြိမ်းစား(ဝန်ထမ်း)များနှင့် ရပ်ကွက်နေပြည်သူများအား Biometric ကောက်ယူပေးလျက်ရှိကြောင်း သိရသည်။

အေးမဉ္ဇူ