မင်္ဂလာတောင်ညွန့် ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်တွင် ဩဂုတ် ၂ ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပင်စင်စားများအား Biometric ကောက်ယူဆောင်ရွက်ပေးခဲ့ကြပါသည်။
အဆိုပါပင်စင်စားများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့မှ ပုသိမ်ညွန့်ရပ်ကွက်၊ သဒ္ဓမ္မဗျူဟာဓမ္မာရုံတွင် Biometric များ ကောက်ယူဆောင်ရွက်ပေးခဲ့ကြပါသည်။
ထိုပြင် Biometric ကောက်ယူမှုမပြုလုပ်ရသေးသော ပင်စင်စားများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရပါသည်။
မြတ်မြတ်အေး (ပြန်/ဆက်)