မော်လမြိုင်ကျွန်း ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက် (၇) နာရီအချိန်မှ စတင်ကာ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ အများပြည်သူဈေး နှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဘဲဥတို့ကို ဈေးနှုန်းသက်သာစွာဖြင့် အမှတ် (၁၁) ရပ်ကွက်၊ မဟာဗန္ဓုလမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၌ လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ရောင်းချပေးရာတွင်ဆန်တစ်ပြည်လျှင် (၂၀၀၀) ကျပ်၊ ဆီ(စားအုန်းဆီ)တစ်ပိဿာလျှင် (၆၉၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျင် (၃၅၀) ကျပ်၊ ဘဲဥတစ်လုံးလျှင်(၃၅၀)ကျပ်တို့ဖြင့် ပြင်ပပေါက်ဈေးထက်သက်သာသောစျေးနှုန်းဖြင့် ကျယ်ကျယ်ပြန့်ပြန့်ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချရာသို့ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက ဝယ်ယူကြသူမျာအား ကြည့်ရှုအားပေးခဲ့ကြပြီး ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)