ပေါင်းတည်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်

ပေါင်းတည် ဩဂုတ် ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဩဂုတ် ၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုထောက်ပံ့‌ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် ဇနီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးနှင့် အရာထမ်းအမှုထမ်းရုံးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များ၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

အခမ်းအနား၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများဖြစ်သည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၃ ဦး၊ အထက်တန်းကျောင်းသား ကျောင်းသူ၆ ဦး၊ အလယ်တန်းကျောင်းသား ကျောင်းသူ ၄ ဦး၊ မူလတန်းကျောင်းသား ကျောင်းသူ ၁၈ ဦးတို့အား ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်များနှင့် ထောက်ပံ့ကြေးငွေ စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရွှေသား