မြန်အောင်မြို့သန့်ရှင်းသာယာရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြန်အောင် သြဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် "Clean City" "Green City" ဖြစ်လာစေရန် မြို့သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့နံနက်က ရွေဘုံသာဘုရားနှင့် ဝေဠုဝန်ဘုရားကြီးရှေ့၌ စုပေါင်းသန့်ရှင်းရေးနှင့်ပန်းအလှပင်၊ အရိပ်ရပင်များစိုက်ပျိုးခဲ့ကြောင်းသိရသည်။

မြန်အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျင်စိုးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများကချုံနွယ်ပိတ်ပေါင်းများ၊ မြက်နှင့်အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေးရေနုတ်မြောင်းဖော်ခြင်း၊ ပန်းအလှပင်၊ အရိပ်ရပင်များ စိုက်ပျိုးခြင်း စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)