အုတ်တွင်း သြဂုတ် ၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ခင်တန်းကျေးရွာ ဘဝအဖော်မွန် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၏ ရန်ပုံငွေဖြင့် (၇) ကြိမ်မြောက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အမက(မူလွန်) ခင်တန်းကျောင်း၌ ပြုလုပ်သည်။
အခမ်းအနားတွင် ဘဝအဖော်မွန် ကျေးရွာစာကြည့်တိုက်မှ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင် ဦးထွန်းနိုင်ဦးမှ စာကြည့်တိုက်ရန်ပုံငွေဖြင့် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး အမက (မူလွန်) ခင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုချိုဟန်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် စာကြည့်တိုက်ကော်မတီဝင်များမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ် လှူဒါန်းခဲ့သည်။
ဘဝအဖော်မွန် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်ရန်ပုံငွေဖြင့် အမက (မူလွန်) ခင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅၄) ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာတန်ဖိုးငွေကျပ် (၁၉)သိန်းခန့်ပေး အပ်လှူဒါန်းခဲ့ကြောင်း စာကြည့်တိုက်ကော်မတီဝင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)