ကျောက်ဆည်မြို့နယ်တွင် ကျေးရွာအုပ်စု (၃၄) အုပ်စု၌ မိုးနှမ်း (၃၂၃၄) ဧကစိုက်ပျိုး

ကျောက်ဆည် ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကျေးရွာအုပ် (၃၄) အုပ်စု၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးနှမ်း(၃၂၃၄)ဧက စိုက်ပျိုးကြောင်း သိရသည်။

မိုးနှမ်းသီးနှံများစိုက်ပျိုးရာ၌ ပန်းခွာကျေးရွာအုပ်စုတွင် (၂၆) ဧက၊ ကျီးပြကျေးရွာအုပ်စုတွင် (၆၉) ဧက၊ သင်ပျိုကျေးရွာအုပ်စုတွင်(၁၀၇)ဧက၊ ကျီးအိပ်ကျေးရွာအုပ်စုတွင် (၁၃၅) ဧက၊ ဒွေးလှကျေးရွာအုပ်စုတွင် (၃၅) ဧက၊ အနောက်ငါးဆူကျေးရွာအုပ်စုတွင် (၁၄၀) ဧက၊ ရှားပင်ကျေးရွာအုပ်စုတွင် (၁၀၃) ဧက၊ ဒန်းတိုင်ကျေးရွာအုပ်စုတွင် (၈၅) ဧက၊ ရန်ဘက်လိုကျေးရွာအုပ်စုတွင် (၂၆) ဧက၊ ပေတောကြီးကျေးရွာအုပ်စုတွင် (၁၆၅) ဧက၊ ဘုံကွင်းကျေးရွာအုပ်စုတွင် (၁၃) ဧက၊ စင်းကွန်းကျေးရွာအုပ်စုတွင် (၆၀) ဧက၊ အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် (၁၃၅) ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် (၁၂၀၉) ဧက၊ ဖျောက်ဆိပ်ပင်ကျေးရွာအုပ်စုတွင် (၅၀) ဧက၊ ရွာသစ်ကျေးရွာအုပ်စုတွင် (၁၅) ဧက၊ ရေသရောက်ကျေးရွာအုပ်စုတွင် (၁၅) ဧက၊ ချောင်းဆုံကျေးရွာအုပ်စုတွင် (၁၅) ဧက၊ သရက်ပင်ကျေးရွာအုပ်စုတွင် (၂၅) ဧက၊ ရဲကျေးရွာအုပ်စုတွင် (၁၅) ဧက၊ ကြက်သားဟင်းကျေးရွာအုပ်စုတွင် (၅၄) ဧက၊ သင်ကတုံကျေးရွာအုပ်စုတွင်(၂၆)ဧက၊ အရှေ့သာဂရကျေးရွာအုပ်စုတွင် (၃) ဧက၊ ကလေးကျေးရွာအုပ်စုတွင် (၁၂၄) ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင် (၁၃၂) ဧက၊ ပြည်တော်သာကျေးရွာအုပ်စုတွင်(၂၀)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင် (၇၄) ဧက၊ သံရွာကျေးရွာအုပ်စုတွင် (၁၅၅) ဧက၊ ခါးတ္ကုန်းကျေးရွာအုပ်စုတွင် (၃၀)ဧက၊ ဆူလေကုန်းကျေးရွာအုပ်စုတွင် (၉) ဧက၊ မြေစိုမိုးကျေးရွာအုပ်စုတွင် (၁၅) ဧက၊ ပေါင်လောင်ကျေးရွာအုပ်စုတွင် (၄၅) ဧက၊ တောင်တော်ကျေးရွာအုပ်စုတွင် (၇၁) ဧက၊ ကင်းကျေးရွာအုပ်စုတွင် (၁၅) ဧက စုစုပေါင်း ကျေးရွာအုပ်စု (၃၄) အုပ်စု၌ မိုးနှမ်း (၃၂၃၄) ဧက စိုက်ပျိုးကြောင်း သိရသည်။

မိုးနှမ်းသီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်ရေး တန်းဆွဲစနစ်၊ ဘောက်ကြီးတင်စနစ်များဖြင့် ပြောင်းလဲစိုက်ပျိုးလာကြပြီး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တာဝန်ရှိသူများမှလည်း ဒေသနှင့်ကိုက်ညီသည့် နှမ်းမျိုးများဖြန့်ဝေခြင်း၊ အပင်ပြုစုရိတ်သိမ်းခြင်းနည်းပညာများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)