ကြံခင်း ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာဦးဝင်းနိုင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်များအား ရှင်းလင်းပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်တာဝန်ခံ ဦးဝင်းဌေးမောင်က အာမခံထားရှိနိုင်သည့် အမျိုးအစားများ၊ အာမခံထားရှိခြင်းကြောင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ကြံခင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမှုအခြေအနေများ၊ သီးနှံအာမခံထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာဦးဝင်းနိုင်၊ မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်တာဝန်ခံ ဦးဝင်းဌေးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ကြံခင်းမြို့နယ်ဘဏ်(ခွဲ)မန်နေဂျာ ဒေါ်လွင်လွင်ဦးတို့က တောင်သူများထံ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အသီးသီးပေးအပ်ကြသည်။
အဆိုပါအခမ်းအနားကို မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်းဒေသကြီးမန်နေဂျာ၊ မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်တာဝန်ခံ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကြံခင်းမြို့နယ်ဘဏ်(ခွဲ)မန်နေဂျာနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ကြံခင်း-ပြန်/ဆက်)