ဓနုဖြူမြို့နယ်၌ အာဟာရ အသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ဓနုဖြူ သြဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက ရေတွင်းကုန်းကျေးရွာအုပ်စုရှိ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးနှင့် ပိဋကတ်သုံးပုံကျောက်စာတိုက်ကြီး၏ ဘုရားဝန်းအတွင်းဗိမာန်၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်က MCCT အစီအစဥ်အကျိုးခံစားခွင့်ရှိသူများ၊ အကျိုးခံစားခွင့်ရှိသူများ၏ မိသားစုဝင်များနှင့် ရပ်ရွာအတွင်းရှိ သူများအား အာဟာရအသိပညာပေး ဆင်ပွားသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ(၄၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် ကြက်​ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)