တပ်ကုန်းမြို့၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်

တပ်ကုန်း ဩဂုတ် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မကျီးပင်အခြေခံပညာအထက်တန်း ကျောင်းတွင် မြို့နယ်သာသနာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ ဓမ္မရုံတွင် ကျင်းပသည်။

ဦးစွာ ငွေတောင်တောရပရိယတ္တိစာသင်တိုက်၊  မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဘဒ္ဒန္တသောမန ဆရာတော်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဗုဒ္ဓဘာသာဝင်လူမျိုးများ​ဖြစ်သည့်အတွက် ယဉ်ကျေးမှုထာဝစဉ်ရှိနေရမည်ဖြစ်ကြောင်း၊ ယာဉ်ကျေးမှုဆိုသည်မှာ လူ့ဘောင်အတွင်းမှာ သင့်တော်အောင် နေထိုင်တတ်ရေးသင်ကြားတော်မူ၍လည်းကောင်း၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ခင်စန်းမူက ယဉ်ကျေးမှုသင်ခန်းစာများ ပို့ချသင်ကြားခဲ့ကြောင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား၊ သင်တန်းသူပေါင်း ၇၆ ဦးတက်ရောက်ပြီး၊ အပတ်စဉ် ဥပုဒ်နေ့တိုင်း ၈ ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်