ကံမမြို့နယ် ဝဲကြီးကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

ကံမ ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅- ခုနှစ်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၁) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ဝဲကြီးကျေးရွာအုပ်စုမှ တောင်သူ (၁၃၇) ဦးတို့၏  မိုးစပါးစိုက်ဧက (၄၁၈) ဧကအတွက်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ (၆၂၇) သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကံမမြို့နယ်၌ ငွေကျပ်သိန်းပေါင်း သုံးသောင်းအား ထုတ်ချေးပေးရန် လျာထားပြီး မိုးစပါး စိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင် တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)