ရေဦးတွင် မိသားစု၀င်ငွေတိုးစေမည့် ခြင်းတောင်းရက်လုပ်နည်းနှင့် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ရေဦး ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကြီးမှူး၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယမန်‌နေ့နံနက်ပိုင်းကမိသားစု၀င်ငွေတိုးစေမည့် ခြင်းဝောာင်းရက်လုပ်နည်းနှင့် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ၀န်ထမ်းများ၊ မြို့ပေါ်ငါးရပ်ကွက်မှ စိတ်ပါ၀င်စားသူများ တက်ရောက်သင်ယူခဲ့ကြသည်။ သင်တန်းတွင် အလွယ်တကူ ခြင်းဝောာင်းရက်လုပ်နည်းကို ဝါးနှီးလုပ်ငန်းပညာရှင် ဒေါ်မာမာကလည်းကောင်း၊ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းကို နည်းပညာဆရာမ ဒေါ်သီတာကလည်းကောင်း၊ ကုန်ကြမ်းမှ ကုန်ချောအဆင့်ပြုလုပ်နိုင်သည်အထိ အဆင့်ဆင့်သင်ကြားပြသပေးခဲ့ကြသည်။ ထို့နောက် သင်တန်းသားများက သင်ကြားမှုနည်းစနစ်များကို လိုက်နာမှတ်သားခဲ့ကြပြီး လက်တွေ့ပြုလုပ်ခဲ့ကြရာ သင်တန်းသားများအားလုံး ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က နည်းစနစ်မှန်ကန်စွာ အကောင်းဆုံးပြုလုပ်နိုင်သူများကို ရွေးချယ်ကာ အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းသန်း(ရေဦး)