စစ်ကိုင်း ဇူလိုင် ၂၅
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတန်းပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်မတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်သူများ တက်ရောက်ကြသည်။ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရာတွင် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)အသင်မှ ပဉ္စမနှစ်(ဒုတိယ နှစ်ဝက်) အသင်းအား ၉ ဂိုး ၈ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ ပထမဆုရရှိသော စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)အသင်းအား ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများက ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိကြသောအသင်းများနှင့် အကောင်းဆုံးအားကစားသမားဆုရရှိကြသူများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)