ရွှေဘို ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဖွင့် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန်အတွက် ဒေသဆိုင်ရာအာဏာပိုင်များ၏အား၊ စာကြည့်တိုက်ကော်မတီဝင်များ၏အား၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏အားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏အားဆိုသည့် အားလေးအားသည် အဓိကကျသကဲ့သို့ ဗဟုသုတများစွာပေးစွမ်းနိုင်သည့် စာကြည့်တိုက်များစနစ်တကျလည်ပတ်ရန်အတွက် စာကြည့်တိုက်မှူးများသည် အရေးပါလှပါကြောင်း၊ သင်တန်းသူ/သားများအနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာအောင် ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ပညာရေးမှူးကိုယ်စားလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်အေးက အခြေခံစာကြည့်တိုက်ပညာကို စိတ်ပါဝင်စားစွာသင်ယူပြီးကျောင်းစာကြည့်တိုက်များကို စဥ်ဆက်မပျက် ဖွင့်လှစ်နိုင်ရေးအမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများကစုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပြီး၊ သင်တန်းကို ဇူလိုင်လ (၂၄)ရက်နေ့မှ(၂၈)ရက်နေ့ထိ သင်တန်းသူ (၂၀)ဦးဖြင့် နံနက် (၁၀)နာရီမှ ညနေ (၃)နာရီထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမြင့်စန်း(ပြန်/ဆက်)