မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မုဒုံမြို့နယ်ဘဏ်ခွဲ)မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး

မုဒုံ ဇူလိုင် ၂၁

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက စိန်တောင်၊ ဒိုးမား၊ ဆက်သွယ်၊ တောင်ပ၊ နိုင်လှုံကျေးရွာများရှိ ဒေသခံတောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မုဒုံမြို့၌ ဆက်လက်ထုတ်ချေးပေးသည်။

ထိုသို့ထုတ်ချေးပေးရာတွင်  မုဒုံမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးယဥ်ဋ္ဌေးက တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမှုများနှင့်ပတ်သက်၍ စည်းမျဥ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက်အဆိုပါကျေးရွာများရှိ တောင်သူ ၁၁၅ ဦး၏ လယ်ဧက(၉၀၆)ဧက အတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း (၁၃၅၉)သိန်းကို လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။

မုဒုံမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ရပ်ကွက်/ကျေးရွာ(၄၂)အုပ်စုရှိ တောင်သူ(၂၇၆၁)ဦး၏ လယ်ဧက(၂၁၁၂၈)ဧကအတွက် ချေးငွေစုစု ပေါင်း ၃၁၆၉၂ သိန်းကိုထုတ်ချေးပေးရန်လျာထားကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)