မုဒုံမြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

မုဒုံ ဇူလိုင် ၂၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့က မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀) ဘောလုံးကွင်း၌ ကျင်းပသည်။

အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံးလူထုလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံတော်အတွင်း အားကစားအဆင့်အတန်းတိုးမြှင့်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ နိုင်ငံတော်အနေဖြင့် မြှင့်တင်ချီးမြှောက်ပေးလျက်ရှိကြောင်း၊ ဘောလုံးကစားခြင်းဖြင့် မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်၍ စိတ်ဓာတ်ခွန်အားမြင့်မားလာစေရန်၊ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးဆောင်ပုဒ်အရ လူငယ်များကျန်းမာကြံ့ခိုင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်နှင့် မြို့နယ်/ ပြည်နယ်ပြိုင်ပွဲမှတဆင့် နိုင်ငံ့အားကစားသမား လက်ရွေးစင်ဘောလုံသမားများ ပေါ်ထွန်းလာစေရန်အတွက် ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း မြို့နယ်အား/ကာမှူး ဒေါ်နွယ်နီစံက ပြောသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ဘောလုံးအသင်း (၁၄)သင်း လေးအုပ်စုပတ်လည်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ရာ ပထမပွဲစဥ်အဖြစ် မြို့မ () ဘောလုံးအသင်းနှင့် မြို့မ (၃) ဘောလုံးအသင်းတို့ စတင်ယှဥ်ပြိုင်ခဲ့ကြပြီး (၁) ဂိုး၊ ဂိုးမရှိဖြင့် မြို့မ () ဘောလုံးအသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)