မုဒုံ ဇူလိုင် ၂၁
မွန်ပြည်နယ် မုဒုံမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) ကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ချိုချိုထက်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်ပညာရေးမှူးနှင့် သင်တန်းနည်းပြများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းအဆင့်ဆင့် ထိန်းချုပ်စက်ကိုင်တွယ်နည်း၊ ထိန်းချုပ်စက်ကိုင်တွယ်သူအတွက် လုပ်ငန်းစဥ်တို့ကို ဆွေးနွေးသင်ကြားပို့ချပေးသည်။
သင်တန်းကို နည်းပြ (၈)ဦးမှ သင်တန်းသား ရပ်ကွက်/ ကျေးရွာ စာရေးဝန်ထမ်း (၄၂) ဦး၊ ဆရာ/ဆရာမ(၅၃၇)ဦး စုစုပေါင်း(၅၇၉)ဦးတို့အား ဇူလိုင်(၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)