ချောင်းဆုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ

ချောင်းဆုံ ဇူလိုင် ၂၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့်မဲပေးခြင်းစနစ်အစား  အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်းအဖွဲ့ခွဲမှဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက ကျွန်းသာယာခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ မဲပေးစက်ဖြင့်မဲပေးခြင်းသည် မိမိတို့နိုင်ငံအတွက် ပထမဆုံးအကြိမ်ဆောင်ရွက်ခြင်းဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများလွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးအတွက် စနစ် တကျသင်ကြားသွားကြရန်လိုကြောင်း စသည်ဖြင့်ထည့်သွင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများမှတက်ရောက်လာကြသူ များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုပုံများအား ရှင်းလင်းပြသခဲ့သည်။

အဆိုပါသင်တန်းတွင် အခြေခံပညာဦးစီးဌာနမှ သင်တန်းသား/သူ(၃၈၆)ဦးတို့အား သင်တန်းနည်းပြ(၇)ဦးတို့မှ တစ်ရက်လျှင် သင်တန်းသားအယောက်(၁၀၀)နှုန်းဖြင့် ဇူလိုင်လ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)