ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၂၀

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လွိုင်ကော်မြို့တော် သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့အဝင် လမ်းမကြီးနှင့် လွိုင်ကော်ရှားတော ကားလမ်းမကြီး ဘေးဝဲယာတစ်လျှောက် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က လမ်းဘေးဝဲယာများရှိ ဌာနဆိုင်ရာရုံးများအတွင်း/အပြင် သန့်ရှင်းသာယာရေး ဆောင်ရွက်ကြရန်နှင့် မြို့သာယာလှပရေး စိုက်ပျိုးထားသည့် အရိပ်ရပင်များနှင့် ပန်းအလှပင်များ ရှင်သန်အောင် စနစ်တကျပြုစုထိန်းသိမ်းရန်၊ လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ နောင်ယား () ရပ်ကွက် အမှတ် () အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းဝင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်နှင့်မြို့နယ်သမဝါယမဦးစီးဌာနရုံး၊ ခန်းတွဲ ထပ် ဝန်ထမ်းအိမ်ရာနှင့် ပြည်နယ်ဦးစီးမှူးနေအိမ်များ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်သမဝါယမဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလပြီးစီးအောင်ဆောင်ရွက်ရန်၊ ဝန်ထမ်းများအား ဝန်ထမ်းအိမ်ရာများတွင် စနစ်တကျ ပြန်လည်နေရာချထားပေးရန်၊ ရုံးများရွှေ့ပြောင်းဖွင့်လှစ်ပြီး ရုံးလုပ်ငန်းများ စနစ်တကျပြန်လည်ဆောင်ရွက်ကြရန်နှင့် ပြည်နယ်အတွင်းရှိ သမဝါယမအသင်းများနှင့် သမဝါယမလုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)