မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ကုန်အထိ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အစည်းအဝေး ကျင်းပ

မင်းဘူး ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်  ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် ပထမသုံးလပတ်ကုန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအဝေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းမြတ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပထမသုံးလပတ် အကောင်အထည်ဖော်ရေး ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍကြီး (လယ်ယာ+သားငါး+သစ်တော)၊ စက်မှုကဏ္ဍကြီး (သတ္တု+စက်မှု+လျှပ်စစ်+ဆောက်လုပ်မှု)၊ ဝန်ဆောင်မှုကဏ္ဍကြီး (ပို့ဆောင်ရေး+ဆက်သွယ်ရေး+ငွေကြေး+လူမှုရေးနှင့်စီမံခန့်ခွဲရေး+ငှားရမ်းခနှင့်အခြားဝန်ဆောင်မှု) ကဏ္ဍကြီးသုံးခုအပေါ် အခြေခံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများက မိမိတို့၏ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များ ပြည့်မီရန် ဆောင်ရွက်ရွက်နေသည့် အခြေအနေများနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဌာနအသီးသီးမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကာ ဘဏ္ဍာနှစ်အကုန်တွင် လျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)