ပုသိမ် ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ပွင့်ဖြူအောင်က မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) တပ်ဆင်အသုံးပြုဆောင်ရွက်ရမည့် နည်းလမ်းအဆင့်ဆင့်အား အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု၍ လက်တွေ့သရုပ်ပြ မဲပေးခြင်းဆောင်ရွက်ခဲ့ကြသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာသင်တန်းကို သင်တန်းအပတ်စဉ်(၁)ကြိမ်လျှင် သင်တန်းသား(၁၀၀)ဦးဖြင့် (၁၄.၇.၂၀၂၅) ရက်နေ့မှ (၁၆.၈.၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)