မင်းတုန်းမြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မင်းတုန်း ဇူလိုင် ၁၃

မင်းတုန်းမြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကော်ဖီပျိုးပင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ ဌာနဆိုင်ရာများနှင့် ဝက်ကော်ကျေးရွာအုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးကျော်သန်းစိန်က ကော်ဖီပျိုးပင် ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးအတွက် ဝက်ကော်ကျေးရွာအုပ်စုရှိ ကော်ဖီစိုက်ပျိုးမည့် တောင်သူများအား ကော်ဖီပျိုးပင် အပင်(၅၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)