ကျိုက်မရောမြို့နယ်၌ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ကျိုက်မရော ဇူလိုင် ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်  ၂၀၂၅ ခုနှစ် အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ကျိုက်မရောမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးဝင်းနိုင်က ၂၀၂၅ ခုနှစ်အတွက် အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် ပြေစာများအပေါ် တွင် အခွန် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး အခွန်ထမ်းပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို  ပြန်လည်ဖြေကြားရှင်းလင်းခဲ့သည်။

အခွန်ဆိုင်ရာ  ပညာပေးရှင်းလင်းပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)