ကျိုက်ထို ဇူလိုင် ၁၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေကြီးများ နူးလာမှုကြောင့် မြို့မရဲစခန်းအတွင်းရှိ ကုက္ကိုလ်ပင် (လုံးပတ် ၁၀ပေ ၊အမြင့် ၆၀ ပေ) သည် အမြစ်မှ ကျွတ်ထွက်ကာ ပြိုလဲခဲ့သည်။
အဆိုပါကုက္ကိုပင်လဲကျမှုကြောင့် ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ သုခလမ်းရှိ ဦးကျော်ဘွား၏ အလျား(၂၀)ပေ၊ အနံ(၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ခင်း/ ပျဉ်ကာ နေအိမ် တန်ဖိုး (၅၀၀၀၀၀၀ိ/-)နှင့် ဦးမြင့်သောင်း၏ အလျား(၁၅)ပေ၊ အနံ(၂၅)ပေ၊ သွပ်မိုး၊ ပျဉ်ခင်း/ ပျဉ်ကာ နေအိမ်တန်ဖိုး(၃၀၀၀၀ဝဝိ/-) ဒေါ်ဇာဇာလွင်၏ အလျား (၁၂) ပေ၊ အနံ(၁၂)ပေရှိ တောင်ထန်းမိုး၊ပျဉ်ကာ၊ပျဉ်ခင်း နေအိမ်ခေါင်းမိုးအနည်းငယ်ပျက်စီး တန်ဖိုး (၁၀၀၀၀၀ဝိ/-)ပျက်စီးခဲ့ပြီး ကျိုက်ထိုမြို့မရဲစခန်း၏ အုတ်ခြံစည်းရိုးပေ(၃၀)ခန့် တန်ဖိုး(၃၀၀၀၀၀ဝိ/-)နှင့် အဆိုပါလမ်းရှိ လျှပ်စစ် မီးတိုင်(၅)တိုင် တန်ဖိုး(၂၄၃၀၀၀ဝိ/-) ပျက်စီး ဆုံးရှုံးခဲ့သည်။
အဆိုပါနေရာသို့ ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်စွာဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝေယံအောင်နှင့် တပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျိုက်ထိုပြန်/ဆက်